“အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသည့် ပဋိပက္ခ၏အကျိုးသက်ရောက်မှုများကြောင့် လေယာဉ် လက်မှတ်ခများ မြင့်တက်”

04 Mar

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခ၏အကျိုးသက်ရောက်မှုများအရ အာရှဒေသနှင့် ဥရောပဒေသများကြား ပြေးဆွဲနေသည့် လေကြောင်းလိုင်းများ၏ လက်မှတ်ခများ မြင့်တက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အာရှနှင့်ဥရောပဒေသကြား ပြေးဆွဲနေသည့် လေကြောင်းလိုင်းများသည် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများဖြစ်သည့် ဆော်ဒီအာရေဗျနှင့်အိုမန်နိုင်ငံသို့ ရောက်ရှိရန်အတွက် ပိတ်ပင်ထားသည့် အရှေ့အလယ်ပိုင်းဒေသ လေပိုင်နက်များကို ရှောင်ရှား၍ ပြေးဆွဲနေသည်။ အကယ်၍ ဥရောပဒေသသို့ပြေးဆွဲရသည့် ကုန်ကျစရိတ်များပါက အမြတ်ငွေကို ထိခိုက်နိုင်ကြောင်း အာရှ-ပစိဖိတ်လေကြောင်းလိုင်းများအဖွဲ့အစည်းမှ တာဝန်ရှိသူ ဆက်ဟက်မီနွန် က ပြောကြားသည်။ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံမှဥရောပဒေသသို့ ပြေးဆွဲနေသည့် လေကြောင်းလိုင်းများတွင် နေရပ်ပြန်ရန်အတွက် လက်မှတ်ကြိုတင်ဝယ်ယူမှုများ များပြားနေကြောင်း ထိုင်းနိုင်ငံပို့ဆောင်ရေးဝန်ကြီး Phiphat Ratchakitprakarn က ပြောကြားသည်။ ဒူဘိုင်းရှိ ဟိုတယ်များကိုလည်း ၎င်းပဋိပက္ခကြောင့် လေကြောင်းပြေးဆွဲမှုများရပ်နားမှုအရ နေရပ်သို့ မပြန် နိုင်သည့် နိုင်ငံတကာခရီးသွားများကို လက်ခံထားရှိရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။ နိုင်ငံအတွင်း သောင်တင်နေသည့် ခရီးသွား ၂၀,၀၀၀ ၏နေထိုင်စားသောက်မှုကုန်ကျစရိတ်များကို ကျခံမည်ဖြစ်ကြောင်း အာရပ် စော်ဘွားများပြည်ထောင်စု(ယူအေအီး)တာဝန်ရှိသူများကပြောကြားသည်။ အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသရှိ နိုင်ငံများသို့ ပြေးဆွဲမည့်လေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်း ထားကြောင်း တူကီယဲနိုင်ငံသယ်ယူပို့ဆောင်ရေး ဝန်ကြီး Abdulkadir Uraloglu က ကြေညာခဲ့သည်။ တူကီယဲ မှ အီရန်၊ အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်နှင့် ဂျော်ဒန်သို့ ပြေးဆွဲမည့် လေယာဉ်ခရီးစဉ်အားလုံးကို မတ်လ ၆ ရက် အထိရပ်ဆိုင်းထားကြောင်းနှင့် ကာတာ၊ ကူဝိတ်၊ ဘာရိန်းနှင့် အာရပ်စော်ဘွားများပြည်ထောင်စုသို့ လေယာဉ်ခရီးစဉ် များကိုလည်း မတ်လ ၃ ရက်အထိ ရပ်နားထားကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်ဟု VN Express သတင်းဌာနဖော်ပြချက်အရ သိရသည်။

04 Mar

ADVERTISE HERE .