“အမေရိကန်နှင့်အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန်ရှိ ဘူရှာနျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ရပ်ဆိုင်း”

04 Mar

အမေရိကန်နှင့်အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အီရန်နိုင်ငံ တောင်ပိုင်းရှိ ဘူရှာနျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရပ်ဆိုင်းထားကြောင်း ရုရှားနိုင်ငံပိုင် ရိုဆာတွန်နျူကလီးယားကော်ပိုရေးရှင်းက မတ်လ ၃ ရက်တွင်ထုတ်ပြန်သည်။ ရိုဆာတွန်ကော်ပိုရေးရှင်းသည် အဆိုပါစက်ရုံ၏ ဒုတိယနှင့်တတိယမြောက် စွမ်းအင်ယူနစ်များကို တည်ဆောက်နေသည့် အဓိကကုမ္ပဏီဖြစ်ပြီး လက်ရှိတွင် အဆိုပါစက်ရုံအတွင်း၌ ရုရှားဝန်ထမ်း ၆၃၉ ဦး ကျန်ရှိနေဆဲ ဖြစ်ကြောင်း ရိုဆာတွန်ကော်ပိုရေးရှင်းမှ ညွှန်ကြားရေးမှူးချုပ် အလက်ဆီလီခါချက်ဗ်က ပြောသည်။ လက်ရှိတွင် ရိုဆာတွန် ကော်ပိုရေးရှင်းအနေဖြင့် ဝန်ထမ်းများနှင့် ၎င်းတို့၏ကလေးသူငယ်များအပါအဝင် လူပေါင်း ၁၀၀ နီးပါးကို ပြီးခဲ့သည့် သီတင်းပတ်အကုန်ပိုင်းက အီရန်နိုင်ငံမှဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။ ထို့ပြင်ကျန်ရှိနေသည့် ဝန်ထမ်းများအနက် ၁၅ဝ မှ ၂ဝ၀ ဦးခန့်ကို ထပ်မံရွှေ့ပြောင်းပေးရန် စီစဉ်ထားကြောင်း RT သတင်း ဌာနဖော်ပြချက်အရ သိရသည်။

04 Mar

ADVERTISE HERE .