“အိမ်အရောက်ပို့စနစ်နဲ့ ရောင်းပေးနေတဲ့ ဆန်တွေထဲက ဧရာဝတီပေါ်ဆန်းနဲ့ ဧည့်မထတို့ ဈေးတက်လာ”

04 Mar

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းပြီး အိမ်အရောက် ပို့စနစ် (Home Delivery)နဲ့ ရောင်းချပေးနေတဲ့ ဆန်အမျိုးအစားတွေထဲက ဧရာဝတီပေါ်ဆန်းနဲ့ ဧည့်မထဆန်း ဈေးတွေ အနည်းငယ်တက်လာကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက တစ်အိတ်ကို ၁၅၅,ဝဝဝ ကျပ်နဲ့ ရောင်းချပေးခဲ့တဲ့ ရွှေဘိုပေါ်ဆန်းဆန်ဈေးဟာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မတ်လ ၃ ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်အရ အခုမတ်လမှာ တစ်အိတ်ကို ၁၆၅,ဝဝဝ ကျပ် ဖြစ်လာခဲ့ပါတယ်။ အလားတူ ယခင်ကတစ်အိတ်ကို ၁၃၀,၀၀ဝ ကျပ်ရှိတဲ့ ဧရာဝတီပေါ်ဆန်း (ကြားပျံ)က ယခု ၁၄၀,၀၀ဝ ကျပ် ဖြစ်လာခဲ့သလို ဧည့်မထ(၁၅ မှတ်) ဆန်တစ်အိတ်ကို ၅၂,၀၀ဝ ကျပ်ကနေ ယခုအခါ ၅၆,၀၀ဝ ကျပ် ဖြစ်လာခဲ့ပြီး ကျန်တဲ့ဧရာဝတီပေါ်ဆန်း(နယ်စုံ)တစ်အိတ်ကို ၁၁၂,၀၀ဝ ကျပ်၊ ရက်(၉၀)တစ်အိတ်ကို ၇၅,ဝဝဝ ကျပ်တို့က ယခင်ဈေးအတိုင်းဖြစ်ပါတယ်။ (NVS 004)

04 Mar

ADVERTISE HERE .