“စက်သုံးဆီချွေတာနိုင်ရန် အိမ်စီးကားများ စုံရက်၊ မရက်ခွဲကာ မောင်းနှင်ရမည်”
04 Mar
လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် စက်သုံးဆီချွေတာနိုင်ရန် အိမ်စီးကားများ အနေနဲ့ ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှစတင်၍ စုံရက်၊ မ ရက်ခွဲကာ မောင်းနှင်ကြရမှာဖြစ်ကြောင်း မတ်လ ၃ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အခုလိုမောင်းနှင်ရာမှာ စုံ ရက်တွင် စုံ နံပတ်ပါသော အက္ခရာယာဉ်များ (ဥပမာ 2A / 4A) စသည်တို့ အသုံးပြုမောင်းနှင်ရမှာဖြစ်ပြီး မ ရက်တွင် မ နံပတ်ပါသော အက္ခရာယာဉ်များ (ဥပမာ 1A/3A) စသည်တို့ မောင်းနှင် ရမှာ ဖြစ်ပါတယ်။ ယခုထုတ်ပြန်သတ်မှတ်ချက်တွင် EV မော်တော်ယာဉ်/ဆိုင်ကယ်များ၊ Taxi များ၊ လူနာတင်ယာဉ်များ၊ စက်သုံးဆီသယ်ဆောင်သည့် ယာဉ်များ၊ စည်ပင်အမှိုက်သိမ်းယာဉ်များ၊ နိဗ္ဗာန်ယာဉ်များ မပါဝင်ဘဲ စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်း/ စျေးပိုတင်ရောင်းချခြင်းကိုလည်း လုံးဝမပြုလုပ်ရန် တားမြစ်ထားပြီး ဤအမိန့်သည် ထပ်မံ၍ မထုတ်ပြန်မီအချိန်ထိ အတည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ထားပါတယ်။ (NVS 004)