“မြန်မာနှင့် ဖိလစ်ပိုင် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး”

04 Mar

မြန်မာ့ပြောင်းသီးနှံကို ဖိလစ်ပိုင်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း (Myanmar Corn Industrial Association-MCIA) နှင့် ဖိလစ်ပိုင်နိုင်ငံတကာကုန်သွယ်ရေးကော်ပိုရေးရှင်း (Philippines International Trade Corporation-PITC) တို့အကြား နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးပူးပေါင်းဆောင်ရွက်ခြင်းက နှစ်နိုင်ငံကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှု ကိုမြှင့်တင်ရန်၊ စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်များကိုအားကောင်းစေရန်နှင့် နှစ်နိုင်ငံလုံးမှ စက်မှုလုပ်ငန်း အကျိုးတူ ပါဝင်သူများအားလုံး အကျိုးရှိစေမည့် ဈေးကွက်အခွင့်အလမ်းသစ်များကို ရှာဖွေဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ အခုလိုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေပြီး နိုင်ငံတကာချိတ်ဆက်မှုများကို မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံလုပ်ငန်းရှင်များအတွက် စီးပွားရေးအခွင့်အလမ်းများ ဆက်လက်ဖန်တီး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေမှာ ဖြစ်ပါတယ်။ အဆိုပါသဘောတူစာချုပ်ကို ဖေဖော်ဝါရီလ ၂၇ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်း ဦးဆောင်၍ မြန်မာ့ပြောင်းလုပ်ငန်းအသင်းမှ ကိုယ်စား လှယ်များနှင့် ဖိလစ်ပိုင်နိုင်ငံတကာကုန်သွယ်ရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 004)

04 Mar

ADVERTISE HERE .