“မျက်လုံးဒဏ်ရာကြောင့် အက်သလက်တီကိုအသင်းနဲ့ ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတဲ့ လီဝန်ဒေါစကီး”

03 Mar

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီး ဟာ မျက်လုံးဒဏ်ရာကြောင့် အက်သလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ကို လွဲချော်ရဖွယ်ရှိတယ်လို့ သိရပါတယ်။ လီဝန်ဒေါစကီး က ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ အဲဒီဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဘယ်ဘက်မျက်လုံးအိမ်ရဲ့ အတွင်းနံရံ ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဆရာဝန်တွေက အနည်းဆုံး ၄၈ နာရီအတွင်း ဘောလုံးမကစားဖို့ ညွှန်ကြားထားတာကြောင့် မနက်ဖြန်ညယှဉ်ပြိုင်ကစားရမယ့် စပိန်ဘုရင့်ဖလားပွဲကို လွဲချော်ရမှာ ဖြစ်ပြီး ဘီလ်ဘာအိုအသင်းနဲ့ လာလီဂါပွဲစဉ်မှာ ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ (NVS 008)

03 Mar

ADVERTISE HERE .