“မက်ဂွဲယား ကို သက်တမ်းတိုးဖွယ်ရှိတဲ့ မန်ယူအသင်း”

03 Mar

မန်ယူအသင်းဟာ အင်္ဂလန်နောက်ခံလူ မက်ဂွဲယား ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖွယ်ရှိကြောင်း သိရပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ မက်ဂွဲယား ဟာ ၂၀၁၉ နွေရာသီမှာ လက်စတာအသင်းကနေ မန်ယူအသင်းကို ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်က လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ မန်ယူအသင်းက မက်ဂွဲယား ကို အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားခဲ့ပြီး သက်တမ်းမတိုးဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် လက်ရှိအချိန်မှာ သက်တမ်းတိုးဖို့ ပြန်လည်စဉ်းစားနေပြီဖြစ်ကြောင်း သိရပါတယ်။ မက်ဂွဲယား က အမှားအယွင်းများမှုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အခုနောက်ပိုင်းမှာတော့ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်လည်ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိနည်းပြ ကာရစ် က မက်ဂွဲယား ဟာ အသင်းအတွက် အရေးပါတဲ့ကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

03 Mar

ADVERTISE HERE .