“အီရန်ပြီးနောက် ကျူးဘားနိုင်ငံက အမေရိကန်၏ နောက်ထပ်ပစ်မှတ်ဖြစ်လာနိုင်ဟုဆို”
03 Mar
အီရန်နိုင်ငံပြီးနောက် ကျူးဘားနိုင်ငံသည် အမေရိကန်၏ နောက်ထပ်ပစ်မှတ်ဖြစ်လာမည်ဟု အမေရိကန် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် က မတ်လ ၂ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ ကျူးဘား နိုင်ငံအနေဖြင့် အီရန်နောက်ပိုင်း ၎င်းတို့အလှည့်ရောက်လာနိုင်ပြီး ၎င်းတို့၏အုပ်ချုပ်ရေးယန္တရားမှာလည်း ပြိုလဲ တော့မည်ဖြစ်ကြောင်း၊ ၎င်းတို့၏နေ့ရက်များကိုလည်း ရေတွက်ရနိုင်ပြီဖြစ်ကြောင်း လင်ဆေးဂရေဟမ်က Fox News ရုပ်သံသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အီရန်အစိုးရ၏အုပ်ချုပ်မှုသည်လည်း အဆုံးသတ်ရန် နီးကပ်နေပြီဟု ဂရေဟမ် က ပြောကြားထားကြောင်း သိရသည်။ ကျူးဘားနိုင်ငံကို ချစ်ကြည်ရင်းနှီးစွာ လွှဲပြောင်းရယူနိုင်မည့်ဖြစ်နိုင်ခြေကို အမေရိကန်အစိုးရက စဉ်းစား လျက်ရှိကြောင်းနှင့် ထိုသို့သောအခြေအနေမျိုးတွင် ကျူးဘားနိုင်ငံရှိ လက်ရှိအကျပ်အတည်းများနှင့် ယင်းနိုင်ငံ အစိုးရနှင့် ဆွေးနွေးမှုများအတွင်း လက်တွေ့ဖြစ်လာနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဖေဖော်ဝါရီလ ၂၇ ရက်တွင် အိမ်ဖြူတော်၌ သတင်းထောက်များကိုပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း Iz သတင်းဌာန ဖော်ပြချက်အရ သိရသည်။