“မြန်မာ MAI လေ‌ကြောင်းလိုင်းက အရှေ့အလယ်ပိုင်းသို့ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း”

03 Mar

MAI (Myanmar Airways International) လေကြောင်းက အရှေ့အလယ်ပိုင်းလေပိုင်နက်တွေ ပိတ်ထား တာကြောင့် ရန်ကုန်-ဒူဘိုင်းသွား လေယာဉ်ခရီးစဉ်များကို မတ်လ ၃ ရက်အထိ ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်ခဲ့ပြီးအီရန်ရဲ့ ဒုံးကျည်လက်စားချေမှုတွေက ဒေသတွင်းတွင် လေပိုင်နက်တွေအပေါ် ရိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့အလုပ်အများဆုံး နိုင်ငံတကာ ခရီးသွား ဗဟိုချက်ဖြစ်တဲ့ ဒူဘိုင်းအပါအဝင် အရှေ့အလယ်ပိုင်းဒေသမှ အဓိကလေဆိပ်တွေကို ဖေဖော်ဝါရီလ ၂၈ ရက်ကနေ စတင်ပြီး ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ နေ့စဉ်ခရီးစဉ် ၁၀၀၀ ကျော် ကိုင်တွယ်နေရတဲ့ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ အာရပ်ပင်လယ်ကွေ့နိုင်ငံတွေရဲ့ နေရာတွေကို အီရန်ရဲ့ လက်စားချေတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပြီး လူလေးယောက် ဒဏ်ရာရခဲ့ပါတယ်။ အဘူဒါဘီနဲ့ ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွေလဲ ထိခိုက်ခဲ့ပါတယ်။ လေယာဉ်ခရီးစဉ်မြေပုံတွေမှာ အီရန်၊ အီရတ်၊ ကူဝိတ်၊ အစ္စရေးနဲ့ ဘာရိန်းနိုင်ငံတွေရဲ့ ကောင်းကင်ယံမှာ လေယာဉ် တွေ ကင်းမဲ့နေပြီး အာရှ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းက လေကြောင်းလိုင်းတွေလဲ ခရီးစဉ်အမြောက်အများကို ဖျက်သိမ်းထားကြောင်း ကြေညာခဲ့ပါတယ်။ (NVS 004)

03 Mar

ADVERTISE HERE .