“ပအိုဝ်းအမျိုးသားနေ့အဖြစ် သထုံရွှေစာရံစေတီတော်မြတ်ကြီးကို စုပေါင်းဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကျင်းပ”
03 Mar
မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင်လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးကို တပေါင်း လပြည့်နေ့မှာ ကျရောက်တဲ့ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ သထုံမြို့ပေါ်ရပ်ကွက်များမှ ပအိုဝ်းတိုင်းရင်း သားများ စုပေါင်းကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့အား စုပေါင်းကပ်လှူပူဇော်ခဲ့ကြပါတယ်။ စေတီတော်မြတ်ကြီးကို နံနက်အရုဏ်တက်ချိန်မှစတင်ကာ မြို့ပေါ်ရပ်ကွက်တို့မှ ပအိုဝ်းတိုင်းရင်းသား အဖွဲ့များက အဖွဲ့အလိုက် ဆွမ်းတော်ကြီးကပ်လှူကြမည့် လှူဖွယ်များဖြင့် ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းကာ စီတန်း လှည့်လည်၍ စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်မှာ ကပ်လှူပူဇော်ကြပြီး လှူဒါန်းမှုတို့အတွက် အမျှအတန်းများ ပေးဝေကြပါတယ်။ သထုံရွှေစာရံစေတီတော်မြတ်ကြီးမှာ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကာလ မဟာသက္ကရာဇ် ၁၁၁ ခုနှစ် သူရိယစန္ဒာမင်းကြီးလက်ထက်မှာ တည်ထားကိုးကွယ်ခဲ့တဲ့ ပအိုဝ်းတိုင်းရင်းသားတို့၏ အထွဋ်အမြတ်ထား ရာ စေတီတစ်ဆူဖြစ်ပြီး နှစ်စဉ်တပေါင်းလပြည့်နေ့မှာ ကျင်းပမြဲဖြစ်ကြောင်းသိရပါတယ်။ (NVS 004)