“ကျိုက္ခမီရေလယ်ဘုရားကြီးမှာ ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခြင်းအခမ်းအနားကျင်းပ”
03 Mar
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ အထက်ပစ္စယံဂုဏ်တော်ကိုးပါးရှိ စနေဒေါင့်မှ ဗုဒ္ဓရုပ်ပွားတော်မြတ်အားရွှေစင်/ရွှေပြားများကပ်လှူပူဇော်ခြင်းနှင့် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်း ရေစက်ချခြင်းအခမ်းအနားကို မတ်လ ၂ ရက်နံနက်ပိုင်းက ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရာကန်တော့ဖွင့်လှစ်ပြီး၊ အခမ်းအနားသို့ ကြွရောက်တော်မူ လာကြသောဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ဝေး/ရပ်နီးအလှူရှင်များမှ ကျိုက္ခမီအလယ်ကျောင်းတိုက်၏ ဦးစီးပဓာန နာယကနိုင်ငံတော်သြဝါဒစရိယဆရာတော် ဘဒ္ဒန္တနန္ဒသာရမှ ငါးပါးသီလခံယူကာ ရေစက်ချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးမှာ ဆရာတော်အရှင်သူမြတ်တို့ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရပါတယ်။ (NVS 004)