၁၉၆၇ ခုနှစ်နောက်ပိုင်း စပိန်လာလီဂါပြိုင်ပွဲတွင် အသက်ငယ်ဆုံး ဟက်ထရစ်ဂိုးသွင်းယူနိုင်သည့် ကစားသမား အဖြစ် လမိုင်းယာမယ် မှတ်တမ်းဝင်
02 Mar
စနေနေ့က ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ဗီလာရီးရဲလ်တို့ပွဲစဉ်မှာ လမိုင်းယာမယ်က ဘာစီလိုနာအသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူခဲ့သောကြောင့် ၁၉၆၇ ခုနှစ် နောက်ပိုင်း စပိန်လာလီဂါပြိုင်ပွဲတွင် အသက်ငယ်ဆုံး ဟက်ထရစ် ဂိုးသွင်းယူနိုင်သည့်ကစားသမား အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်တွင် လမိုင်းယာမယ်က ပွဲကစားချိန် ၂၈ မိနစ်၊ ၃၈ မိနစ်၊ မိနစ် ၇၀ တို့တွင် ၎င်း၏ကစားသမားဘဝ ပထမဆုံးဟက်ထရစ်ဂိုးသွင်းယူခဲ့ပြီးနောက် ၎င်း၏ ဟက်ထရစ် ဂိုးသွင်းယူချိန်တွင် အသက် ၁၈ နှစ်သာ ရှိကြောင်း သိရပါတယ်။ လာလီဂါပြိုင်ပွဲသမိုင်းတွင် ဂိုးသွင်းအများဆုံးကစားသမားများဖြစ်ကြသည့် ဘာစီလိုနာအသင်း ကစားသမား ဟောင်း မက်ဆီက ပထမဆုံးဟက်ထရစ်ဂိုး သွင်းယူနိုင်ချိန်တွင် အသက် ၁၉ နှစ်ရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်း ကစား သမားဟောင်း စီရော်နယ်ဒိုက ပထမဆုံးဟက်ထရစ်ဂိုးသွင်းယူချိန်တွင် အသက် ၂၃ နှစ်ရှိခဲ့တာကြောင့် လမိုင်းယာမယ် ဟာ စပိန်လာလီဂါဂိုးသွင်းအများဆုံးကစားသမားနှစ်ဦးနှင့် နှိုင်းယှဉ်ပါက အသက်ငယ်ဆုံး ဟက်ထရစ်ဂိုးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ်။ စပိန်လာလီဂါသမိုင်းတွင် ၁၉၃၀ ပြည့်နှစ်က အီရာဂေါ်ရီ က အသက် ၁၇ နှစ် ၃၃၇ ရက်ဖြင့် ဟက်ထရစ် ဂိုးသွင်းယူနိုင်ခဲ့ပြီး ၎င်းနောက်တွင် ၁၉၆၇ ခုနှစ်က ပွန်ဘိုက ၁၈ နှစ်ရက် ၂ဝဝ၊ လမိုင်းယာမယ် က ၁၈ နှစ် ရက် ၂၃၀ ဖြင့် အစဉ်လိုက်ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)