တာဝန်ထမ်းဆောင်နေဆဲ တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များကို အမှုထမ်းသက်အလိုက် ထောက်ပံ့ကြေးများ ချီးမြှင့်မည်
02 Mar
တာဝန်ထမ်းဆောင်လျှက်ရှိသော တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များကို အမှုထမ်းသက်အလိုက် ထောက်ပံ့ကြေးများကို မတ်လ ၁ ရက်မှစတင်၍ ထောက်ပံပေးသွားမည် ဖြစ်ကြောင်းသိရပါတယ်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် အမှုထမ်းသက် ၁၀ နှစ်နှင့်အထက်အား လစဉ် ၃၀,၀၀၀ ကျပ်၊ အမှုထမ်းသက် ၁၅ နှစ်နှင့်အထက်အား လစဉ် ၅၀,၀၀၀ ကျပ် အမှုထမ်းသက် ၂၀ နှစ်ပြည့်ပြီး အမှုထမ်းသက် ၂၀ နှစ်နှင့် အထက် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား လစဉ် ၁၀၀,၀၀၀ ကျပ်ကို တာဝန်ထမ်းဆောင်မှု အထူးထောက်ပံ့ကြေး အဖြစ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် တာဝန်ထမ်းဆောင်ရသည့် သဘောသဘာဝအရ ရာသီမရွေး၊ နေရာမရွေး၊ ချိန်ခါမရွေး ပင်ပန်း ကြမ်းတမ်းစွာ သက်စွန့်တာဝန်ထမ်းဆောင်ရခြင်း၊ တာဝန်ထမ်းခဲ့သည့်ကာလတစ်လျောက် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းတို့အား နိုင်ငံတော်က အသိအမှတ်ပြုကာ ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)