မအူပင်မြို့ ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ (၁၀၅)ကြိမ်မြောက်ဗုဒ္ဓပူဇနိယဘုရားပွဲတော်အကြို ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
02 Mar
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၏ကျက်သရေဆောင် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ (၁၀၅) ကြိမ် မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် မြို့ပေါ်ရှိ သံဃာအပါး ၁,၀၀၀ ကျော် နှင့် သီလရှင်ဆရာကြီး၊ဆရာလေး အပါး ၃၀၀ ကျော်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ်လ ၁ ရက် ညနေ ၄ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရ ပါ တယ်။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မအူပင်မြို့ရှိ ခရိုင်နှင့်မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ အသင်းအဖွဲ့များ၊ အလှူရှင်များမှ ကြွရောက်လာသော သံဃာတော် အများနှင့် သီလရှင်ဆရာကြီး၊ဆရာလေးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ လှူဒါန်းခဲ့ကြကြောင်းလည်းသိရပါတယ်။ မအူပင်မြို့၏ကျက်သရေဆောင် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို မတ်လ ၂ ရက် (တပေါင်းလပြည့်နေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရပါတယ်။ (NVS 008)