အခမဲ့နိုင်ငံတကာပညာရေးပြပွဲကို နိုဗိုတယ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့

02 Mar

ထိပ်တန်းနိုင်ငံတကာတက္ကသိုလ်နှင့်ကောလိပ်များပါဝင်ပြသဆွေးနွေးပေးသည့် အခမဲ့နိုင်ငံတကာပညာရေး ပြပွဲကို မတ်လ ၁ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပညာရေးပြပွဲကို Information Hub of Myanmar နှင့် IHM International College တို့မှကြီးမှူး၍ Study Abroad Beyond Education, Migration and Scholarship Fair 2026 နိုင်ငံတကာ ပညာရေးပြပွဲ အဖြစ်ကျင်းပခြင်းဖြစ်ကာ ယူကေ၊ ဂျာမနီ၊ စပိန်၊ ဆွတ်ဇာလန်၊ မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့ အပါအဝင် နိုင်ငံအများအပြားမှ ထိပ်တန်းတက္ကသိုလ်များ၊ ကောလိပ်များမှ ပညာသင်ဆုအခွင့်အလမ်းများ၊ ကျောင်းလျှောက်ရန် လိုအပ်သည့် Entry Requirements များအား အသေးစိတ်ဆွေးနွေးပေးခဲ့ခြင်း ဖြစ်ပါတယ်။ Information Hub of Myanmar တည်ထောင်သူ ဒေါ်ဇင်မာစိုးက ပြပွဲကို ကျင်းပရခြင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ရွေးချယ်သည့် ပညာရေးလမ်းကြောင်း မှန်ကန်စေရန်နှင့် ပြည်တွင်း၌ ဖြစ်စေ ပြည်ပ၌ဖြစ်စေ ပညာသင်ဆုများကို လျှောက်ထားလိုပါကလည်း ရရှိနိုင်မည့် အခွင့်အလမ်းများ မဆုံးရှုံးစေရန် ရည်ရွယ်ပြီး သိသင့်သိထိုက်သော အချက်အလက်များကို ဝေမျှပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ ထို့ပြင် ပြပွဲ၌ ကျောင်းဝင်ခွင့်လျှောက်ထားသူများအတွက် သက်ဆိုင်ရာတက္ကသိုလ်များမှ မိမိဝါသနာပါသည့် မေဂျာအားရှာဖွေပေးမည့် Career Testing Workshop နှင့် ပညာသင်ဆုတစ်ခုရရရှိရန် လက်တွေ့ပြင်ဆင်ပေးမည့် Workshop များလည်း ပြုလုပ်ပေးခဲ့ကြကာ ကံစမ်းမဲအစီအစဥ်များကိုလည်းထည့်သွင်းပေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)

02 Mar

ADVERTISE HERE .