ဖေဖော်ဝါရီလအတွက် မန်ယူအသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဆက်ကို
01 Mar
ဖေဖော်ဝါရီလအတွက် မန်ယူအသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို တိုက်စစ်မှူး ဆက်ကို က ရရှိခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဆက်ကို ဟာ ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက လိုက်ပ်ဇစ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ရာသီအစပိုင်းက သွင်းဂိုးများရရှိရန် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းတွင် ခြေစွမ်းပြသကာ သွင်းဂိုးများရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆက်ကို အနေနဲ့ ဖေဖော်ဝါရီလအတွင်းကစားခဲ့သည့် ပွဲစဉ်များတွင် အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသကာ အရေးပါသည့်သွင်းဂိုးများကို သွင်းယူပြီးနောက် ဖေဖော်ဝါရီလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဆက်ကို ဟာ ဖေဖော်ဝါရီလအတွင်း ကစားခဲ့သည့်ပွဲစဉ်များ၌ စပါး၊ ဝက်စ်ဟမ်း နဲ့ အဲဗာတန်အသင်း တို့ပွဲစဉ် များတွင် တစ်ဂိုးစီသွင်းယူပြီးနောက် တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး မန်ယူအသင်း နှင့်အတူ ယခုနှစ်ဘောလုံးရာသီ ပြိုင်ပွဲစုံ ၂၄ ပွဲတွင် သွင်းဂိုးရှစ်ဂိုး နှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားကြောင်း သိရပါတယ်။(NVS 008)