၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်

01 Mar

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန် ဒေါ်လာတစ်သန်း တိုးတက်ဝင်ရောက်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၆) မှ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၆)ကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကျင်းပခဲ့ရာ ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြည်တွင်း/ ပြည်ပ အကြီးစားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းအမျိုးအစားရှစ်ခုရှိပြီး စက်မှုကဏ္ဍတိုးတက်မှု နှင့်အတူ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍများလည်း ရင်းနှီးမြှုပ်နှံမှု တိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင် မှသာ ထိုက်သင့်သည့်လုပ်ခလစာ ရရှိမည်ဖြစ်၍ အသက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်ပေးခြင်းများ အားပေးမြှင့်တင်ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်တစ်ခု၊ ကုန်ချောပစ္စည်းငါးမျိုး တိုးမြှင့်ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများနှင့် သက်ဆိုင်သည့်အမှုတွဲများအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်များ တိုးတက်စေရေးနှင့် ရှိပြီးသားလုပ်ငန်းများ ဆက်လက်ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြောင်း သိရပါတယ်။(NVS 004)

01 Mar

ADVERTISE HERE .