ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စစ်ကိုင်းမြို့အတွင်း လှည့်လည်ပူဇော်ခြင်းနှင့် ပင့်ဆောင်ခြင်းအခမ်းအနားကျင်းပ

01 Mar

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို လှည့်လည်ပူဇော်ခြင်းနှင့် စေတီတော်ကြီးသို့ ပင့်ဆောင်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး သီတဂူ ဝိပဿနာတက္ကသိုလ်၌ ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြ ပါတယ်။ အခမ်းအနားတွင် သီတဂူဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စစ်ကိုင်းမြို့အတွင်း လှည့်လည်ပူဇော်ရန် မော်တော်ယာဉ်ပေါ်သို့ ပင့်ဆောင်ကြကာ စစ်ကိုင်းတောင်ရိုး သီတဂူဝိပဿနာတက္ကသိုလ်မှ ကျော်ထက်လမ်းဆုံ၊ ကမ်းနားလမ်းနှင့် စစ်ကိုင်း-မုံရွာ ကားလမ်းတစ်လျှောက် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ လှည့်လည်ပူဇော်ခဲ့ကြောင်း သိရပါတယ်။(NVS 004)

01 Mar

ADVERTISE HERE .