အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ပြီးနောက် အပြန်အလှန်လက်တုံ့ပြန်မှုများဖြစ်ပွား

01 Mar

အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီလ ၂၈ ရက်တွင် အီရန်နိုင်ငံအပေါ် အကြီးစားတိုက်ခိုက်မှုများ စတင်ပြုလုပ်ပြီးနောက် အရှေ့အလယ်ပိုင်းဒေသတွင် လက်တုံ့ပြန်တိုက်ခိုက်မှုများ ဖြစ်ပွားကြောင်းသိရသည်။ အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုကိုခံရပြီးနောက် အီရန်နိုင်ငံသည် အီရန်နိုင်ငံနှင့် ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဘာရိန်း၊ ကာတာ၊ ကူဝိတ်၊ ဂျော်ဒန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေဗျနှင့် အခြားသောနိုင်ငံများတွင် ပေါက်ကွဲမှုများဖြစ်ပွားကြောင်း သတင်းများထွက်ပေါ်လာသည်။ အီရန်နိုင်ငံတွင်မူ အီရန်ဦးသျှောင် အယာတိုလာအလီခါမေနီ နှင့် အီရန်သမ္မတတို့၏ ရုံးများအနီး ဒုံးကျည်များထိမှန်သော်လည်း ယင်းခေါင်းဆောင်နှစ်ဦးစလုံး ဘေးကင်းကြောင်း အီရန်သတင်းများတွင်ဖော်ပြထား သည်။ တစ်ချိန်တည်းမှာပင် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့အကြီးအကဲသည် အပြန်အလှန်တိုက်ခိုက် မှုများအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးဘက်ကထုတ်ပြန်သော်လည်း အခြားသတင်းအရင်းအမြစ်များက ထုတ်ပြန်ထားခြင်း မရှိသည်ကိုတွေ့ရသည်။ ယခုတိုက်ခိုက်မှုများအတွင်း အီရန်၌ ကျောင်းတစ်ခုကိုထိမှန်မှုကြောင့် သေဆုံးသူ ၈၅ ဦးရှိလာပြီ ဖြစ်ကြောင်းနှင့် အမေရိကန်နှင့်အစ္စရေးပူးပေါင်းကာ အီရန်ကို တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံ တို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကျင်းပရန် တောင်းဆိုထားကြောင်း သိရသည်။ နောက်ဆုံးရရှိခဲ့သည့် သတင်းများအရ စစ်ပွဲစတင်ပြီး ၂၄ နာရီအတွင်း အီရန်နိုင်ငံခေါင်းဆောင် အယာတိုလာ ခါမေနီ နှင့်အတူ အီရန်ကာကွယ်ရေးဝန်ကြီးအပါအဝင် တပ်မှူးကြီးများအပြင် အယာတိုလာခါမေနီ ၏ သမီး၊ သားမက်နှင့် မြေးဖြစ်သူတို့ပါ တိုက်ခိုက်မှုများအတွင်း သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

01 Mar

ADVERTISE HERE .