“မုံရွာမြို့ညစျေးနှင့် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာကို မတ်လပထမပတ်အတွင်း ဖွင့်လှစ်မည်”
28 Feb
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အရှေ့ဘက်ကန်သာယာတောင်ဘက်ကွင်းတွင် ဖွင့်လှစ်ရန်ပြင်ဆင်နေတဲ့ စျေးဆိုင်ပေါင်း ၁၁၀ ပါဝင်တဲ့ ညစျေးနှင့် ဆိုင်ခန်းပေါင်း ၄၁ ခန်းပါဝင်တဲ့ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ ကျောက္ကာလမ်းရှိ မော်တော်ယာဥ်ရောင်းဝယ်ရေးစင်တာကို မတ်လပထမပတ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာနှင့် ညဈေးဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် မုံရွာမြို့အရှေ့ဘက် ကန်သာယာညဈေးအနီးမှာ ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် နိုင်ငံကျော်အဆိုတော်များနဲ့ ဧည့်ခံ ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြည်သူများအနေနဲ့ စိတ်ပေါ့ပါးလွတ်လပ်စွာနဲ့ တေးဂီတဖျော်ဖြေပွဲကို လာရောက်ပါဝင်ဆင်နွှဲနိုင်သလို ကန်သာယာ၏ ညရောင်စုံမီးအလှများနှင့်အတူ ညဈေးတန်းမှာ လာရောက်ဝယ်ယူသုံးဆောင်နိုင်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရတာဝန်ရှိသူများက ဖိတ်ခေါ်ထားပါတယ်။ (NVS 004 )