အယ်လ်နာဆာအသင်းမှာ စီရော်နယ်လ်ဒို ဆက်ရှိသွားမည်
27 Feb
အယ်လ်နာဆာအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို က အသင်းမှထွက်ခွာမည်မဟုတ်ဘဲ အသင်းတွင်သာ ဆက်ရှိသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် စီရော်နယ်လ်ဒို အနေနဲ့ အသက်အရွယ်ပိုင်းအရ ကြီးမြင့်လာခဲ့သော်လည်း ခြေစွမ်းပိုင်း ကျဆင်းခြင်းမရှိသေးတာကြောင့် ဥရောပကလပ်အသင်းများစွာက ခေါ်ယူရန်စိတ်ဝင်စားနေသော်လည်း ၄င်းက အသင်းတွင်သာ ဆက်ရှိသွားမှာဖြစ်ပါတယ်။ စီရော်နယ်လ်ဒို ဟာ အယ်လ်နာဆာအသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၂၄ ပွဲကစားပြီး ၂၁ ဂိုး သွင်းယူထားပါတယ်။ စီရော်နယ်လ်ဒို က အယ်လ်နာဆာအသင်းမှာ ဆက်ရှိသွားမှာဖြစ်ပြီး လက်ရှိအသင်းမှာသာ ပျော်ရွှင်နေသလို ဆက်ပြီးကစားသွားဖို့ရှိကြောင်း ပြောခဲ့ပါတယ်။(NVS 008)
27 Feb