“တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပမည်”
27 Feb
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မ ၁၇၁၊ ပုဒ်မခွဲ(ခ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ပုဒ်မခွဲ(ခ) တို့အရ တတိယအကြိမ် မန္တလေး တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၂ဝ ရက်တွင် စတင်ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်းကို ဖေဖော်ဝါရီလ ၂၃ ရက် ရက်စွဲဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြေညာထားရှိရာ အစည်းအဝေးသို့ တက်ရောက်ရန်ဖိတ်စာများကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ သွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ အစည်းအဝေးအတွက် လိုအပ်သည့်ပြင်ဆင် မှုများပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးသို့ ၂ဝ၂၆ ခုနှစ်၊ မတ်လ ၁၄ ရက် ထက်မစော၊ မတ်လ ၁၅ ရက် ထက်နောက်မကျစေဘဲ သတင်းပို့ကြရန် သက်ဆိုင်ရာက ထုတ်ပြန်ထားကြောင်း သိရပါတယ်။ (NVS-004)