“မြန်မာနိုင်ငံ အပျော်တမ်းဘောလုံးလောက အဆင့်အတန်းမြင့်မားစေရန် ဆွေးနွေးပွဲကျင်းပ”

27 Feb

မြန်မာနိုင်ငံတွင် အပျော်တမ်းဘောလုံးလောက အဆင့်အတန်း မြင့်မားလာစေရန်နှင့် အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ်အဆင့်သို့ ကူးပြောင်းခြင်းဆိုင်ရာဆွေးနွေးပွဲကို Novotel Yangon Max ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ FIFA ၏ Talent Development Scheme (TDS) အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ “အရည်အချင်းရှိသူတိုင်းအခွင့်အရေးရရှိစေရန်” (Every talent gets a chance) ရည်ရွယ်ခြင်းဖြစ်ပြီး အချက်အလက်အခြေပြုဂေဟစနစ်အားဆန်းစစ်ခြင်း (Data Driven Ecosystem Analysis)၊ကျောင်းတွင်း ဘောလုံးအားကစားကဏ္ဍကို အကောင်အထည်ဖော်ခြင်း (Implementation of Schools’ Football)၊ အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ်အဆင့်သို့ ကူးပြောင်းခြင်း (Transitioning from Amateur to Professional) စသည်တို့ကို အလေးထားဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 008)

27 Feb

ADVERTISE HERE .