“မော်ရိုကိုအသင်းက နည်းပြရာထူးအတွက် ဘာစီလိုနာအသင်းနည်းပြဟောင်း ဇာဗီ ကိုခန့်အပ်ရန် နီးစပ်နေ”

27 Feb

မော်ရိုကိုအသင်းက နည်းပြ ရီဂရာဂူယီ နုတ်ထွက်ခဲ့ပြီးနောက် လစ်လပ်နေတဲ့ အသင်းနည်းပြရာထူးအတွက် ဘာစီလိုနာအသင်း နည်းပြဟောင်း ဇာဗီ ကိုခန့်အပ်နိုင်ရန် နီးစပ်နေကြောင်း သတင်းတွေအရ သိရပါတယ်။ နည်းပြ ရီဂရာဂူယီ က မော်ရိုကိုအသင်းကို ၂၀၂၂ ခုနှစ်က စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး အသင်းကို ရလဒ် ကောင်းများရရှိအောင် စွမ်းဆောင်ခဲ့ကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲများအောင်မြင်အောင် စွမ်းဆောင် နိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် လပိုင်းအလိုမှာပင် အသင်းနည်းပြရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီနောက် မော်ရိုကိုအသင်းက နည်းပြသစ်ခန့်အပ်ရန် ကြိုးပမ်းခဲ့ရာ အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြဇာဗီနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် သဘောတူညီမှုရရှိနိုင်ရန် နီးစပ်နေခြင်း ဖြစ်ပါတယ်။ (NVS 008)

27 Feb

ADVERTISE HERE .