“မန်ယူအသင်းက ဂိုးသမားအိုနာနာကို အပြီးသတ်ရောင်းချရန်ဆုံးဖြတ်”

27 Feb

မန်ယူအသင်းက ထရန်ဇွန်စပေါ်အသင်းကို တစ်ရာသီအငှားစာချုပ်ဖြင့် စေလွှတ်ထားတဲ့ ဂိုးသမား အိုနာနာ ကို အသင်းထံပြန်လည်ခေါ်ယူမည်မဟုတ်ဘဲ လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့ကာလမှာ အပြီးသတ် စာချုပ်နဲ့ ရောင်းချရန်သာ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဂိုးသမား အိုနာနာ က ၂၀၂၃ ခုနှစ်က အင်တာမီလန်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အင်တာမီလန်အသင်းတွင် အကောင်းဆုံးလက်စွမ်းပြသခဲ့ပေမယ့် မန်ယူအသင်းမှာ ရုန်းကန်ခဲ့ရခြင်းဖြစ်ပါတယ်။ မန်ယူအသင်းက အိုနာနာ ကို ပြီးခဲ့တဲ့ နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက အပြီးသတ်စာချုပ်နဲ့ ရောင်းချလိုသော်လည်း ခေါ်ယူမည့်အသင်း မရှိခဲ့တဲ့အတွက် အခက်တွေ့ခဲ့ရပြီးနောက်ပိုင်းမှာ ထရန်ဇွန်စပေါ် အသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ စေလွှတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူအသင်းက အိုနာနာ ကို အငှားစာချုပ်နဲ့ စေလွှတ်ခဲ့ပြီးနောက် ရွိုင်ရယ်အက်ဝပ်အသင်းမှ လူငယ်ဂိုးသမား လန်မန်း ကိုခေါ်ယူခဲ့ပြီး မန်ယူအသင်းနှင့်အတူ အကောင်းဆုံးလက်စွမ်းပြသနေတဲ့အတွက် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ အိုနာနာ ကို ရောင်းချရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

27 Feb

ADVERTISE HERE .