“ဂရစ်ဇ်မန်း ကို ခေါ်ယူရန်စီစဉ်ခဲ့တဲ့ အော်လန်ဒိုစီးတီးအသင်း”

27 Feb

အော်လန်ဒိုစီးတီးအသင်းက အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ဝါရင့်တိုက်စစ်မှူး ဂရစ်ဇ်မန်း ကို ခေါ်ယူရန် စီစဉ်လျက်ရှိပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိ ဂရစ်ဇ်မန်း က အက်သလက်တီကိုမက်ဒရစ်အသင်းနှင့်အတူ လက်ရှိဘောလုံးရာသီ အထိ ပြိုင်ပွဲစုံ ၁၈၇ ပွဲကစားပြီး ၆၉ ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အော်လန်ဒိုစီးတီးအသင်းက ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး ဂရစ်ဇ်မန်း က အက်သလက်တီကိုမက်ဒရစ်အသင်းတာဝန်ရှိသူများနှင့် အဆင်မပြေဖြစ်နေခြင်းကြောင့် စာချုပ်သက်တမ်းထပ်မံမတိုးဘဲ အသင်းမှ ထွက်ခွာမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

27 Feb

ADVERTISE HERE .