“အင်္ဂလန်ကလပ်များအားလုံး ဥရောပပြိုင်ပွဲတွေရဲ့ (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့”

27 Feb

လက်ရှိရာသီဥရောပပြိုင်ပွဲ ၃ ခုဖြစ်တဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ကွန်းဖရန့်လိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ တဲ့ အင်္ဂလန်ကလပ် ၉ သင်းစလုံး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီး၊ ချဲလ်ဆီး၊ နယူးကာဆယ်နဲ့ စပါးတို့ ယှဉ်ပြိုင် ခွင့်ရခဲ့ပြီး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့သလို၊ ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်၊ ကွန်းဖရန့်လိဂ်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ် ဒုတိယအကျော့မှာ နော်တင်ဟမ်အသင်းက ဖီနာဘာချီကို နှစ်ကျော့ပေါင်း ၄ ဂိုး၊ ၂ ဂိုးနဲ့ (၁၆)သင်းအဆင့် တက်ရောက်နိုင်ခဲ့သလို ကွန်းဖရန့်လိဂ်မှာ ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက နှစ်ကျော့ပေါင်း ၃ ဂိုး၊ ၁ ဂိုးနဲ့ (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

27 Feb

ADVERTISE HERE .