“ရုရှား-မြန်မာ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ”

27 Feb

နိုင်ငံပိုင်အာကာသကော်ပိုရေးရှင်းမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ (ROSCOSMOS) အထွေထွေအတွင်းရေးမှူး ချုပ် H.E.BAKANOV Dmitry Vladimirovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဖေဖော်ဝါရီလ ၂၅ ရက်မှာ မြန်မာအာကာသအေဂျင်စီ(MSA)၌ မြန်မာအာကာသအေဂျင်စီအမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ ရုရှား-မြန်မာအာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ H.E.BAKANOV Dmitry Vladimirovich နှင့် အဖွဲ့က မြန်မာအာကာသအေဂျင်စီ (MSA) မှ တာဝန်ရှိသူများ နှင့်လိုက်ပါ၍ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ အာကာသပြတိုက်မှာ လေ့ကျင့်ရေးအထက်တန်းကျောင်း (ကမာရွတ်မြို့နယ်) မှ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ H.E.BAKANOV Dmitry Vladimirovich က အာကာသနည်းပညာအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ခရီးစဉ်မှာလိုက်ပါလာတဲ့ ဆိုဗီယက်ပြည်ထောင်စု သူရဲကောင်းဘွဲ့နှင့် ရုရှားနိုင်ငံ၏သူရဲကောင်းဘွဲ့ချီးမြှင့်ခြင်းခံရသူ အာကာသယာဉ်မှူး Mr. KRIKALEV Sergei Konstantinovich က အာကသသို့ ပျံသန်းခြင်းဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ (NVS 004)

27 Feb

ADVERTISE HERE .