“ဒေသထုတ်ကုန်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြေခံ MSME ထုတ်ကုန်များ ဖွံ့ဖြိုးရေးအတွက် သုတေသန စာတမ်းဖတ်ပွဲကျင်းပ”
27 Feb
ဒေသထုတ်ကုန်များ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အခြေခံ MSME ထုတ်ကုန်များဖွံ့ဖြိုးရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ARCCI) နှင့် ပုသိမ်တက္ကသိုလ်တို့ ပူးပေါင်းကျင်းပတဲ့ စာတမ်းဖတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၆ ရက်မှာ ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် ARCCI အဖွဲ့မှ တာဝန်ရှိလူကြီးများတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ အဲဒီနောက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ရေးကဏ္ဍများမှာ အဆင့်တိုးမြှင့်ထုတ်လုပ်နိုင်ရေး စာတမ်းပြုစုသူ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများက သုတေသနစာတမ်းများ ဖတ်ကြားခဲ့ပါတယ်။ ၎င်းစာတမ်းဖတ်ပွဲကို ဒေသထုတ်ကုန် အရည်အသွေးမြှင့်တင်ရေး၊ ထုပ်ပိုးမှုတိုးတက်ရေး၊ ဈေးကွက် သုတေသနအပေါ် အခြေခံပြီး ထုတ်ကုန်ဖွံ့ဖြိုးရေး၊ တက္ကသိုလ်သုတေသနကို MSME လုပ်ငန်းများတွင် လက်တွေ့ အသုံးချနိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီနောက် ဒေသထုတ်ကုန်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြေခံ MSME ထုတ်ကုန်များ ဖွံ့ဖြိုးရေးအတွက် သုတေသနစာတမ်းဖတ်ပွဲမှ ရရှိလာနိုင်သော အကျိုးကျေးဇူးများကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)