“ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် လူငယ်များဆန္ဒမဲပေးမှု၂၄ ရာခိုင်နှုန်းရှိခဲ့”
27 Feb
လွတ်လပ်၍တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲ၍ကျင်းပခဲ့ရာ လူငယ်များဆန္ဒမဲပေးမှုများပြားခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များစာရင်း၌ လူငယ်များပါဝင်မှု ရာခိုင်နှုန်းမြင့်မားခဲ့ကာ ဆန္ဒမဲပေးခဲ့ ကြတဲ့ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းတွင်လည်း လူငယ်များဆန္ဒမဲပေးမှုများပြားခဲ့တာကြောင့် လူငယ်များနိုင်ငံ့အရေးကို ပိုမိုစိတ်ဝင်စားမှုရှိလာကြောင်း သိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင် ၂၄ ဒသမ ၂၂ သန်းအနက် အသက် ၁၈ နှစ်မှ အသက် ၃၀ နှစ်ကြား ၂၄ ရာခိုင်နှုန်း၊ အသက် ၃၀ နှစ်မှ ၄၀ နှစ်ကြား ၂၁ ရာခိုင်နှုန်း၊ အသက် ၄၀ နှစ်မှ ၅၀ နှစ်ကြား ၂၀ ရာခိုင်နှုန်း ၊ အသက် ၅၀ နှစ်မှ ၆၀ နှစ်ကြား ၁၇ ရာခိုင်နှုန်း၊ အသက် ၆၀ နှစ်မှ ၇၀ နှစ်ကြား ၁၁ ရာခိုင်နှုန်း၊ အသက် ၇၀ နှစ်အထက် ၇ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ (NVS 004)