“လာအို-မြန်မာချစ်ကြည်ရေးအသင်း မြန်မာနိုင်ငံသို့ ရောက်ရှိ”

27 Feb

နှစ်နိုင်ငံချစ်ကြည်ရေးအသင်းကိစ္စများ ဆွေးနွေးရန် လာအို-မြန်မာချစ်ကြည်ရေးအသင်း LMFA က ဖေဖော်ဝါရီလ ၂၅ ရက်မှာ လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ TG လေကြောင်းလိုင်းနဲ့ ရောက်ရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာလာအိုသံအမတ်ကြီးနှင့်အတူ မြန်မာ-လာအိုအသင်းအဖွဲ့ဝင်များက လေဆိပ်မှာ ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။ ဒေသတွင်းဗုဒ္ဓဘာသာနိုင်ငံများကြား ဗုဒ္ဓသာသနာထွန်းကားမှုမှာ စံနမူနာဖြစ်တဲ့ မြန်မာနိုင်ငံသို့ လာရောက်ရခြင်းအပေါ် အလွန်ပျော်ရွှင်ကျေနပ်မိကြောင်း၊ အိမ်နီးချင်းကောင်းဖြစ်တဲ့မြန်မာနှင့် ပိုမိုကူးသန်း ဆက်သွယ်နိုင်ရေး စိတ်အားထက်သန်ကြောင်း အသင်းဥက္ကဋ္ဌ ကျန်ထဝုန်း က ပြောကြားခဲ့ကာ ၄င်းနှင့်အတူ အသင်းဝင် ၈ ဦး လာရောက်ခြင်းဖြစ်ပါတယ်။ နယ်ပယ်စုံမှ ကိုယ်စားပြုပုဂ္ဂိုလ်များပါဝင်ပြီး စီးပွားရေး၊ ယဥ်ကျေးမှု၊ လူငယ်ရေးရာတို့မှာ တိုးတက်သော ဆက်ဆံရေးရှိလာအောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ယခုခရီစဥ်အတွင်း နေပြည်တော်သို့ သွားရောက်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ (NVS 004)

27 Feb

ADVERTISE HERE .