“ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကို အခမ်းအနားအစီအစဉ်(၁၈)ရပ်နဲ့ မတ်လ ၂၀ ရက်မှာ စတင်ကျင်းပမည်”
27 Feb
တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ ပထမပုံမှန်အစည်းအဝေးကို မတ်လ ၂၀ ရက်မှာ အခမ်းအနားအစီအစဥ်(၁၈)ရပ်နဲ့ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အခုလိုကျင်းပနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနေရာချထားမှု၊ အသံစနစ်များ၊ မဲပေးတဲ့ စနစ်များနှင့် လုံခြုံရေးကင်မရာများတပ်ဆင်ထားမှု၊ သက်ဆိုင်ရာရေးရာကော်မတီများအလိုက် အစည်းအဝေးခန်းများ ပြင်ဆင်ထားမှုနှင့် လွှတ်တော်ကိုယ်စားလှယ်အိပ်ဆောင်များ အဆင်သင့်ပြင်ဆင်ထားမှုတို့ကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဖေဖော်ဝါရီလ ၂၆ ရက်ညနေပိုင်းမှာ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် လွှတ်တော်ကိုယ်စားလှယ်များ စတင်ရောက်ရှိချိန်မှစ၍ နေထိုင်စားသောက်ရေး အဆင်ပြေ စေရန်၊ ရေမီးပြည့်စုံမှုရှိစေရေးပြင်ဆင်ထားရန်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လက်ဆွဲစာဆောင်များ တစ်ပါတည်း ဝေငှပေးထားရန်၊ မေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်းစသည့် လွှတ်တော်ဆိုင်ရာကိစ္စများ ရှင်းလင်းစွာ သိရှိနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်တို့ကို မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)