“၂၀၂၅-၂၀၂၆ ပညာသင်နှစ် အနုပညာအထက်တန်းကျောင်း(ရန်ကုန်) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ”
27 Feb
အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲနှင့် စွမ်းရည်ပြပဒေသာကပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်း လမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။ ဦးစွာ ပန်းချီ၊ ပန်းပု ဌာနမှ သင်တန်းဆင်းကြမည့် ကျောင်းသား/ကျောင်းသူများ၏ လက်ရာမွန်ပန်းချီပန်းပုပြခန်းကို ကြည့်ရှုအားပေးခဲ့ ပါတယ်။ အဲဒီနောက် ဒုတိယဝန်ကြီးက ကျောင်းသား/ကျောင်းသူ မောင်မယ်များ၏ ကျောင်းဆင်းပွဲအခမ်းအနား ဖြစ်သလို၊ အနုပညာစွမ်းရည်များ၊ လက်ရာမွန်များကို ဖော်ညွှန်းပြတဲ့ ပွဲဖြစ်တာကြောင့် များစွာဂုဏ်ယူပါကြောင်း၊ မိမိတို့သင်ယူတတ်မြောက်ထားသော ပညာရပ်များအပြင် ပြောင်းလဲတိုးတက်နေသော ဆက်စပ်ပညာရပ်များကိုပါ ဆည်းပူးလေ့လာ၍ အနုပညာရပ်များ ထာဝရရှင်သန်စေရန် ဆောင်ရွက်နိုင်မည့် အနုပညာရှင်များဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒုတိယဝန်ကြီးက သင်တန်းဆင်းကြမည့် ကျောင်းသား/ကျောင်းသူ ၂၈ ဦးကို သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး ပန်တျာဌာနမှ ကျောင်းဆင်းစွမ်းရည်ပြ ပဒေသာကပွဲကို ကြည့်ရှုအားပေးခဲ့ပါတယ်။ (NVS 004)