အမေရိကန်၏ စည်းကြပ်ခွန်အသစ် တိုးမြှင့်ကောက်ခံခြင်းက နိုင်ငံတကာကုန်သွယ်ရေးပြိုင်ဆိုင်မှု အခင်းအကျင်းကို ပြောင်းလဲစေမည်ဟု ဘရာဇီး စီးပွားရေးပညာရှင်များယူဆ

26 Feb

ဘရာဇီး စီးပွားရေးပညာရှင်အများအပြားက အမေရိကန်သမ္မတ ထရမ့် ၏ နိုင်ငံနှင့်ဒေသအားလုံးမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည့် မကြာသေးမီရက်က ကြေညာ ချက်သည် ကုန်သွယ်ဖက်အသီးသီးအပေါ် မတူညီသောသက်ရောက်မှုများရှိခဲ့ပြီး ရေရှည်ကြည့်လျှင် ဤလုပ်ဆောင်ချက်သည် နိုင်ငံတကာကုန်သွယ်ရေးပြိုင်ဆိုင်မှု အခင်းအကျင်းကို ပြောင်းလဲစေကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို နှေးကွေးစေမည်ဟု ယူဆကြသည်။ ၁၅ ရာခိုင်နှုန်း စည်းကြပ်ခွန်နှုန်းထားသည် ယခင်က ဘရားဇီမှ အချို့ကုန်စည်များအပေါ် ကောက်ခံသော အခွန်နှုန်းထားများထက် နည်းသော်ငြားလည်း ဤလုပ်ရပ်သည် အမေရိကန်နိုင်ငံ၏ အလုံးစုံကုန်သွယ်မှု ကိုယ်ကျိုးစီးပွားကာကွယ်ရေးအဆင့်ကို မြှင့်တင်လိုက်ပြီးနောက်ဆုံးတွင် ဘရာဇီးစသည့် ကုန်စည်တင်ပို့သည့် နိုင်ငံများကို ထိခိုက်စေမည်ဖြစ်ကြောင်း ဘရာဇီးစီပွားရေးမီဒီယာ ထုတ်ပြန်သော သုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံက စည်းကြပ်ခွန်နှုန်းထားကို တစ်ပြေးညီလုပ်ဆောင်ခြင်းသည် ပို့ကုန်နိုင်ငံများအကြား ယှဉ်ပြိုင်မှုအခင်းအကျင်းကို ပြောင်းလဲစေမည်ဖြစ်ကြောင်း၊ နိုင်ငံအားလုံးက တူညီတဲ့စည်းကြပ်ခွန် အတားအဆီး တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ယှဉ်ပြိုင်မှုအားသာချက်တွေက ကုန်သွယ်ရေးသဘောတူညီချက် ဒါမှမဟုတ် သီးခြား ပိတ်ဆို့မှုတွေအပေါ်မှာ မူတည်တော့မှာမဟုတ်ဘဲ ငွေလဲလှယ်နှုန်း၊ ထုတ်လုပ်နှုန်းနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်စတဲ့ ဖွဲ့စည်းပုံဆိုင်ရာအချက်တွေပေါ်မှာ ပိုပြီးမူတည်လိမ့်မယ်ဟု ဘရာဇီးနိုင်ငံ ဆော်ပေါ်လို The Pontifical Catholic University မှ နိုင်ငံရေးစီးပွားရေးပါမောက္ခ Andr Portela က ယူဆသည်။ အမေရိကန်၏ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒသည် နိုင်ငံတကာကုန်သွယ်ရေးတိုးတက်မှုနှင့် ကမ္ဘာလုံး ဆိုင်ရာ ကုန်စည်ဝယ်လိုအားအပေါ် အပျက်သဘော သက်ရောက်စေနိုင်ကြောင်း Andr Portela က သတိပေး ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအားသာချက်ရဲ့ နေ့စဉ်ကွဲပြားလာမှုဟာ တိုးတက်မှုနှေးကွေးစေပြီး နောက်ဆုံးမှာ ကုန်စည်တင်ပို့တဲ့နိုင်ငံတွေကို ထိခိုက်စေမှာဖြစ်တယ်ဟု ၎င်းက ပြောကြားခဲ့သည်။ စည်းကြပ်ခွန်အသစ်သည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစီးဆင်းမှုကို နှောင့်ယှက်နိုင်ပြီး နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် ပြန်လည်ဖွဲ့စည်းမှုဖြစ်စေနိုင်ကြောင်း၊ အထူးသဖြင့် လက်ရှိတွင် စီးပွားရေးအုပ်စု အချို့သည် အချို့သော မဟာဗျူဟာမြောက်ထုတ်ကုန်များ ပေးသွင်းသူများအပေါ် မှီခိုမှုကိုလျှော့ချရန် ရှာဖွေ လျက်ရှိသည်ကို ထည့်သွင်းစဉ်စားမိကြောင်း၊ အကယ်၍ အခြားနိုင်ငံတွေကလည်း အလားတူအစီအမံတွေနဲ့ တုံ့ပြန်ပါက ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု နှေးကွေးသွားနိုင်စေတယ်ဟု XP ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ စီးပွားရေး ပညာရှင် Luiza Pinese ကလည်း ယူဆထားသည်။ (Report from Xinhua Myanmar)

26 Feb

ADVERTISE HERE .