“မြန်မာသံတမန်သင်တန်းကျောင်း အဆောက်အအုံတည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ”
26 Feb
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံတမန်သင်တန်းကျောင်းအဆောက်အအုံပန္နက်တင် မင်္ဂလာအခမ်းအနား ကို ဖေဖော်ဝါရီလ ၂၅ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပရိဝုဏ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါ တယ်။ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပါတယ်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် Mother Development Co., Ltd. မှ တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ပန္နက်တိုင်များစိုက်ထူပေးကာ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြပါတယ်။ မြန်မာသံတမန်သင်တန်းကျောင်းအား ဖွင့်လှစ်ပြီးပါက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို အရည် အသွေးပြည့်ဝသော မျိုးဆက်သစ်သံတမန်များအဖြစ် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးနိုင်မှာဖြစ်ပြီး အစိုးရ အဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများအပါအဝင် နိုင်ငံတကာရေးရာနှင့် သံတမန်ရေးရာကဏ္ဍများ ကို စိတ်ပါဝင်စားသူများအား အသိပညာမျှဝေခြင်းတို့အတွက် သင်တန်းများနှင့် လေ့ကျင့်ရေးအစီအစဉ်များကို တိုးမြှင့် ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ (NVS-004)