“ONE Friday Fights 147 ပြိုင်ပွဲမှာ ကျော်စွာဝင်း ပါဝင်ထိုးသတ်ရမည်”
26 Feb
ONE Friday Fights 147 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ ကျော်စွာဝင်းဟာ ထိုင်းဖိုက်တာ ဆမင်ဒမ် (Samingdam) နဲ့ ယှဥ်ပြိုင်ထိုးသတ်ရမှာဖြစ်ကြောင်း ONE က အတည်ပြုကြေညာလိုက်ပါတယ်။ မြန်မာပရိသတ်တွေကြား လိပ်နင်ဂျာလို့ ထင်ရှားတဲ့ ဆမင်ဒမ်ဟာ ONE မှာ နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားပြီး မြန်မာဖိုက်တာတွေကို အနိုင်ရထားသူဖြစ်ကြောင်းလည်း သိရပါတယ်။ ONE Friday Fights 147 ပြိုင်ပွဲကို မတ် ၂၀ မှာ ကျင်းပမှာဖြစ်ပြီး ကျော်စွာဝင်း နဲ့ ဆမင်ဒမ်တို့က ဖလိုင်းဝိတ်တန်းအဖြစ် ထိုးသတ်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
26 Feb