“နည်းပြချုပ်ရာထူးအတွက် မည်သူ့ကိုမှ ကမ်းလှမ်းထားခြင်းမရှိကြောင်း MFF ထုတ်ပြန်”
26 Feb
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ဟာ မြန်မာ့လက်ရွေးသင်အသင်း နည်းပြချုပ်ရာထူးအတွက် မည့်သူ့ကိုမှ ကမ်းလှမ်းထားတာမျိုးမရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ MFF မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က သူ့ရဲ့ Facebook လူမှုကွန်ရက်ကနေ MFF အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ရာထူးအတွက် အခုအချိန်ထိ ဘယ်သူ့ကိုမှ ကမ်းလှမ်းထားခြင်း မရှိကြောင်း အတည်ပြုထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာယူ-၂၂အသင်း နည်းပြချုပ်ဟောင်းဖြစ်သူ ဘူလ်ဂေးရီးယားနိုင်ငံသား ဗီလီဆာပိုပေါ့ဗ် ကို MFF က ခေါ်ယူဖို့ကြိုးစားနေကြောင်း နန်ဒန်းသတင်းစာဟာ ဗီယက်နမ်အစိုးရ ထုတ်ပြန်ခဲ့သလို Asean Football လူမှုကွန်ရက်စာမျက်နှာတွေက ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။ (NVS 008)
26 Feb