“အီတလီကလပ်များ ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ရန် ရုန်းကန်နေရ”

26 Feb

အီတလီကလပ်အသင်းတွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိဖို့ ရုန်းကန်နေရပြီး (၁၆)သင်းအဆင့် ကို တက်ရောက်နိုင်ခြင်းမရှိတဲ့ မှတ်တမ်းဆိုးနဲ့ ရင်ဆိုင်ရနိုင်ခြေရှိနေပါတယ်။ လက်ရှိရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ League Phase အဆင့်ကို အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ အတ္တလန်တာနဲ့ နာပိုလီ တို့ ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့အနက် နာပိုလီက အဆင့်(၃၀)သာရပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။ ကျန်ရှိတဲ့ ၃ သင်းက Play-offs ကစားခဲ့ရပြီး ပြီးခဲ့တဲ့ရာသီမှာ ဗိုလ်လုပွဲရောက်ခဲ့တဲ့ အင်တာမီလန်အသင်းက နော်ဝေကလပ် ဘိုဒိုဂလင့်ကို နှစ်ကျော့စလုံးရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ကျန်တဲ့နှစ်သင်းမှာလည်း ဂျူဗင်တပ်စ်အသင်းက ပထမအကျော့မှာ ဂါလာတာစာရေးကို ၂ ဂိုး ၅ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို၊ အတ္တလန်တာကလည်း ဒေါ့မွန်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။ ၎င်းတို့အနေနဲ့ ဒုတိယအကျော့မှာ နှစ်သင်းစလုံး ဂိုးပြတ်နိုင်ပွဲတွေ ပြန်လည်ရယူနိုင်ဖို့လိုအပ်နေပါတယ်။ ဒါကြောင့် ဒီရာသီမှာ (၁၆)သင်းအဆင့်ကို အီတလီကလပ်တွေ တစ်သင်းမှ တက်ရောက်နိုင်ခြင်းမရှိခဲ့ပါက အီတလီဘောလုံးလောကအတွက် မှတ်တမ်းဆိုးတစ်ခု ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ (NVS 008)

26 Feb

ADVERTISE HERE .