“ပရီးမီးယားလိဂ်ပွဲစဉ်(၂၇) ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရတဲ့ ဂျိုကာရက်စ်”
26 Feb
ပရီးမီးယားလိဂ်ပွဲစဥ် (၂၇) ရဲ့ အကောင်းဆုံးကစားသမားအဖြစ် အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျိုကာရက်စ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ ဂျိုကာရက်စ် ဟာ စပါးကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တာကြောင့် အဲဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့ပါတယ်။ ဂျိုကာရက်စ် ဟာ ပရိသတ်တွေရဲ့ဆန္ဒမဲ ၃၅ ရာခိုင်နှုန်းရရှိပြီး ပွဲစဥ် ၂၇ ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခုလိုပွဲစဥ်အလိုက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရတဲ့ အာဆင်နယ်အသင်း ကစားသမား ၄ ဦးရှိသွားပြီဖြစ်ပြီး အက်ဇေး၊ ထရော့ဆက်၊ ဒက်ကလန်ရိုက်စ်နဲ့ ဂျိုကာရက်စ် တို့ ဖြစ်ပါတယ်။ (NVS 008)
26 Feb