“အိန္ဒိယသမုဒ္ဒရာဒေသ၌ ကွတ်ခ်ကျွန်းစုမှတ်ပုံတင်ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်တပ်မတော် ဖမ်းဆီး”

26 Feb

အမေရိကန်အစိုးရ အရေးယူပိတ်ဆို့မှုစာရင်းတွင် ပါဝင်နေသော ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန် တပ်မတော်က အိန္ဒိယသမုဒ္ဒရာဒေသ၌ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း RT သတင်းဌာနတွင် ဖော်ပြ ထားသည်။ အဆိုပါရေနံတင်သင်္ဘောကို ကာရေဘီယံဒေသမှစ၍ခြေရာခံလိုက်ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာဒေသ၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ အမေရိကန် တပ်မတော်သည် ယခုနှစ် ဇန်နဝါရီလအတွင်း ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း အိန္ဒိယသမုဒ္ဒရာဒေသ၌ ရေနံတင်သင်္ဘော သုံးစီးဖမ်းဆီးခဲ့ပြီး ဖြစ်သည်။ အမေရိကန်တပ်မတော်က ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖမ်းဆီးခဲ့သည့်သင်္ဘောမှာ ကွတ်ခ်ကျွန်းစု၌ မှတ်ပုံတင် ထားသည့် သည်ဘာသ သင်္ဘောဖြစ်ကြောင်း သိရသည်။ သည်ဘာသ ရေနံတင်သင်္ဘောကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကပင် အရေးယူပိတ်ဆို့ထားခြင်းဖြစ်သည်။ သည်ဘာသ ရေနံတင်သင်္ဘော သည် အမေရိကန်အစိုးရ၏ ရေကြောင်းပိတ်ဆို့မှုကို ချိုးဖောက်၍ ကာရေဘီယံဒေသမှ ထွက်ခွာသွားသည့် သင်္ဘောဖြစ်ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

26 Feb

ADVERTISE HERE .