“ကိုရီးယားနိုင်ငံသို့ ပိန်းရိုးခြောက် တင်ပို့ရန် ကုမ္ပဏီများ ဖိတ်ခေါ်”

26 Feb

ကိုရီးယားနိုင်ငံမှ ပိန်းရိုးခြောက်ဝယ်လိုအားရှိတာကြောင့် တင်ပို့လိုတဲ့ကုမ္ပဏီများကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက ဖိတ်ခေါ်ထားပါတယ်။ ကိုရီးယားသမ္မတနိုင်ငံ၊ Incheon မြို့ရှိ Fresh Leaders Co., Ltd.က ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံများမှ လယ်ယာထွက်ကုန်များကို တင်သွင်းကာ ကိုရီးယားပြည်တွင်းရှိ နာမည်ကြီးကုမ္ပဏီများဖြစ်တဲ့ Ottogi Corporation နှင့် CJ Group တို့သို့ ဖြန့်ဖြူးပေးလျက်ရှိတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ကိုရီးယားအမဲသားစွပ်ပြုတ်(အစပ်အရသာ) ထုတ်လုပ်ရာမှာ ပါဝင်ပစ္စည်းအဖြစ် အသုံးပြုရန် ပိန်းရိုးခြောက် ဝယ်လိုအားရှိနေတာကြောင့် မြန်မာနိုင်ငံမှဝယ်ယူတင်သွင်းလိုကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အကြောင်းကြားထားပါတယ်။ ဒါကြောင့် ကိုရီးယားသမ္မတနိုင်ငံသို့ ပိန်းရိုးခြောက် တင်ပို့လိုတဲ့ အသင်းဝင်ကုမ္ပဏီများအနေနဲ့ အသင်းရုံး ဖုန်းနံပါတ် 0943127656 (Viber) သို့ ကုမ္ပဏီအမည်၊ ဆက်သွယ်ရန်ပုဂ္ဂိုလ်အမည်၊ ရာထူးနှင့် ဖုန်းနံပါတ် (Viber) တို့ကို ပေးပို့ဆက်သွယ်နိုင်ကြောင်း အသိပေးကြေညာထားပါတယ်။ (NVS 004)

26 Feb

ADVERTISE HERE .