“တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ”

26 Feb

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထိုင်းဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha ကို ဖေဖော်ဝါရီလ ၂၅ ရက်နံနက်ပိုင်းက လက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပခဲ့မှု၊ ရွေးကောက်ပွဲကျင်းပချိန်မှာ ပြည်သူများအားတက်သရောပါဝင်ဆန္ဒမဲပေးခဲ့ကြပြီး ယခုအချိန်အထိ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြီးမားတဲ့ ကန့်ကွက်မှုများမရှိခြင်းကြောင့် အောင်မြင်တဲ့ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့မှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မကြာမီအတွင်း လွှတ်တော်ကျင်းပသွားမည့် အခြေအနေများ၊ နိုင်ငံရေးအစိုးရများ မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ တပ်မတော်သည်ပြောင်းလဲမှုမရှိခြင်းကြောင့် ပြည်သူများလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် တပ်မတော်အနေနဲ့ ဆောင်ရွက်ပေးလျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန် လျက်ရှိမှု၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်နှင့် လေတပ်တို့ကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်လျက် ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဆက်လက်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား လေ့ကျင့်ရေးဆိုင်ရာများမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက် သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)

26 Feb

ADVERTISE HERE .