“AI နည်းပညာအသုံးပြုပြီး ပါးလွှာသဲကြောများမှ သဘာဝဓါတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး Pilot Project စတင်ဆောင်ရွက်နေ”

26 Feb

စွမ်းအင်ကဏ္ဍမှာ AI နည်းပညာအသုံးပြုပြီး ပါးလွှာသဲကြောများမှ သဘာဝဓါတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး Pilot Project စတင်ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ၁ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း က လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေးမှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင်နိုင်ငံတော်အတွက် လျှပ်စစ်ဓါတ်အား လိုအပ်ချက်ပြည့်မီစေရေးအတွက်ရနိုင်တဲ့ အရင်းအမြစ်များမှ ထုတ်လုပ်နိုင်ရန် ကြိုပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ လျှပ်စစ်ဓါတ်အားတိုးတက်ထုတ်လုပ်မှုအနေနဲ့ နေရောင်ခြည်စွမ်းအင်သုံးဓါတ်အားပေးစက်ရုံသစ် သာစည် ၄၀ မဂ္ဂါ၀ပ် ကို အမျိုးသားဓါတ်အားကွန်ရက် နှင့် ချိတ်ဆက်ပို့ဆောင်နေပြီး သပြေ၀ ၄၀ မဂ္ဂါ၀ပ် ကိုလည်း မတ်လဆန်းတွင် ထပ်မံချိတ်ဆက်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။ LNG စီမံကိန်းမှ ၅၀၀ မဂ္ဂါ၀ပ်ဓါတ်အားပေးစက်ကိုလည်း ၂၀၂၆ ခုနှစ်မှာ စီးပွားဖြစ်ဓာတ်အား ထုတ်လုပ် ပေးနေပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

26 Feb

ADVERTISE HERE .