“လာမယ့်မတ်လ ၃ ရက်တွင် လကြတ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ မြင်ရနိုင်”

26 Feb

လာမယ့်မတ်လ ၃ ရက်တွင် လကြတ်မှာဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံမှ တစ်ကြိမ်သာမြင်ရမယ့် လကြတ်ခြင်းဖြစ်စဉ်ဖြစ်တယ်လို့ အာကာသနှင့်စကြဝဠာဆိုင်ရာပညာရှင်များကနေ သိရပါတယ်။ အဆိုပါလကြတ်ခြင်းဟာ မတ်လ ၃ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၁၅ မိနစ်မှ ည ၈ နာရီ ၅၃ မိနစ်အထိဖြစ်ပြီး နေ၊ ကမ္ဘာ နှင့် လ တို့ တစ်တန်းတည်း အနေအထား ကျရောက်မည့်အချိန် (တပေါင်းလပြည့်ချိန်)မှာ ကမ္ဘာရဲ့အရိပ်စစ်ရှိတဲ့နေရာ(Umbra) အတွင်းသို့ လဝင်ရောက်ခြင်းနှင့်အတူ လကြတ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံအများစုနဲ့ ပစိဖိတ်ရပ်ဝန်းဒေသ၊ အမေရိကတိုက် အနောက်ခြမ်းတို့မှာ မြင်တွေ့ကြရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ နေကြတ်ခြင်း၊ လကြတ်ခြင်းတို့ဟာ နေ၊ ကမ္ဘာနှင့်လတို့ တစ်တန်းတည်းအနေအထား ကျရောက်ချိန် (တစ်နည်းအားဖြင့်) လကွယ်နှင့်လပြည့်ချိန်တို့မှာသာ ဖြစ်လေ့ရှိပြီး မြန်မာနိုင်ငံအနေဖြင့် လာမယ့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီမှာတော့ အရိပ်ဖျော့လကြတ်ခြင်းကိုသာ မြင်တွေ့ကြရမှာဖြစ်ပြီး ၂၀၂၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးညကျမှ အနီရောင်လကြတ်ခြင်းကို ပြန်လည်မြင်တွေ့ကြရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ (NVS 004)

26 Feb

ADVERTISE HERE .