“ဇလွန်ပြည်တော်ပြန်ဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်ကို ၈ ရက်ကြာကျင်းပ”

26 Feb

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးရဲ့ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ လ ၂၄ ရက်က စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့မှာ ကိန်းဝပ်စံပယ်တော်မူသော မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာ ဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၇ နာရီခန့်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဦးဆောင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖွင့်ပွဲသို့ သာသနာ‌ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဘုရားကြီး၏ဂေါပကအဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖများ နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ကျေးရွာများမှအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါတယ်။ ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို တပေါင်း လဆန်း ၉ ရက်မှ တပေါင်းလပြည့်ကျော် ၁ ရက်၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၃ ရက်အထိ ၈ ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

26 Feb

ADVERTISE HERE .