“ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုပြန်လည်လျော့ကျ”
26 Feb
ရန်ကုန်မြို့မှာ လေထုအရည်အသွေးအဆင့်က ဖေဖော်ဝါရီလ ၂၅ ရက်မနက်ပိုင်းမှာ ပြန်လည်လျော့ကျ လာတဲ့အဆင့်ကို ရောက်ရှိနေကြောင်း သိရပါတယ်။ လေထုအရည်အသွေးက လေထုအရည်အသွေးညွှန်းကိန်း AQI 65 အဆင့်သာရှိတော့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်တွင် လေထုညစ်ညမ်းမှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာလေထုအရည်အသွေးညွှန်းကိန်း (Air Quality Index - AQI) အဆင့်အရညွှန်းကိန်းအဆင့် (၁၅၁ မှ ၂၀၀) ကြားက ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့် အခြေအနေဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)
26 Feb