“ကျိုက်ဓနုတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်”
25 Feb
ဒလမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ဓနုတ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ်လ ၂၆ ရက်မှ ဧပြီလ ၁ ရက်(တန်ခူးလဆန်း ၉ ရက်မှ ၁၅ ရက်) အထိ ကျင်းပသွားမှာဖြစ်ပြီး မြတ်စွာဘုရားရှင်နှင့်ပင့်သံဃာ ၁၁၈ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကျိုက်ဓနုတ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုအခါမှာလည်း အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်၏ ထူးခြားချက်ဖြစ်တဲ့ နွားလှည်းပြိုင်ပွဲနှင့် လယ်ယာသုံးပစ္စည်းများ ရောင်းချခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပွဲတော်သို့ ရပ်ဝေးရပ်နီးရှိ ပြည်သူများအနေနဲ့ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း ဘုရားကြီး၏ ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ (NVS-004)
25 Feb