“ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ (၆၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်”

25 Feb

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ပုဇွန်တောင်မြို့နယ်၌ တည်ထားကိုးကွယ်လျက်ရှိသော ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ (၆၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်လောင်းလှူပွဲကို မတ်လ ၂ ရက် (တပေါင်းလပြည့်နေ့) တွင် ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ ကျင်းပရာတွင် တပေါင်းလပြည့်နေ့ နံနက်တွင် သာသနဇောတိကဓမ္မာရုံ၌ ဘုရားအနေကဇာတင်ခြင်းနှင့် ဆွမ်းတော်ကြီးတင်ပွဲကို ကျင်းပမှာဖြစ်ပြီး သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူပူဇော်သွားမှာဖြစ်ပါတယ်။ ညနေ ဘက်တွင် ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းဆန်လောင်းလှူပွဲကျင်းပမည်ဖြစ်ရာ အမှတ်(၇) ရပ်ကွက် အတွင်း သံဃာတော်များက လှည့်လည်အလှူခံကြွရောက်သွားမှာဖြစ်ပြီး ဆွမ်းဆန်လောင်းလှူနိုင်ရန် စီစဉ်ပေးထား မှာဖြစ်ပါတယ်။ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်လောင်းလှူပွဲကြီး၌ လှူဒါန်းလိုသော ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို မတ်လ ၁ ရက် ညနေ ၄ နာရီမှစ၍ သာသနဇောတိကဓမ္မာရုံသို့ လာရောက် လောင်းလှူကုသိုလ်ယူနိုင်ကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ ကုသိုလ်ရှင်များအနေဖြင့် ရွှေဘုန်းပွင့်စေတီတော် မြတ်ကြီး ဘဏ္ဍာထိန်းဂေါပကအဖွဲ့ ဖုန်း- ၀၉၅၀၄၈၇၂၃ နှင့် ၀၉၂၅၄၂၀၀၁၄၆ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

25 Feb

ADVERTISE HERE .