“ရှက်ရှကို က မန်ယူအသင်းရဲ့ အဓိကကစားသမားဖြစ်လာမယ်လို့ ပြောကြားခဲ့တဲ့ နည်းပြ မိုက်ကယ်ကာရစ်”

25 Feb

မန်ယူအသင်း ယာယီနည်းပြ မိုက်ကယ်ကာရစ် က အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ရှက်ရှကို ဟာ မန်ယူအသင်းအတွက် အဓိကကစားသမားဖြစ်လာမယ်လို့ သုံးသပ် ခဲ့ပါတယ်။ ရှက်ရှကို ဟာ အဲဗာတန်နဲ့ပွဲမှာ လူစားဝင်ကာ ၇၁ မိနစ်မှာ အနိုင်ဂိုးသွင်းခဲ့ခြင်းဖြစ်ပြီး နည်းပြ ကာရစ် လက်ထက်မှာ Line-up ဝင်သောကစားသမားမဟုတ်ခဲ့ပေမယ့် အသင်းအတွက် အရေးကြီးချိန်နောက်ဆုံးမိနစ်များမှာ အနိုင်ဂိုးများသွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ရှက်ရှကို ဟာ ဖူလ်ဟမ်၊ အဲဗာတန်အသင်းတို့နဲ့ပွဲစဉ်တွေမှာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးသွင်းပေးခဲ့ပြီး ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အဖိုးတန်ချေပဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုရာသီ ပြိုင်ပွဲစုံ ရှစ်ဂိုး သာ သွင်းယူထားပေမယ့် နောက်ဆုံးကစားထားတဲ့ ခုနစ်ပွဲမှာ ခြောက်ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ (NVS 008)

25 Feb

ADVERTISE HERE .