“ကာတာအိုးပင်းချန်ပီယံဆုကို ရရှိခဲ့တဲ့ အယ်ကာရက်ဇ်”

25 Feb

ကမ္ဘာ့အဆင့် (၁) စပိန်တင်းနစ်သမား အယ်ကာရက်ဇ် ဟာ ၂၀၂၆ အတွင်း ရှုံးပွဲမရှိမှုကို ဆက်ထိန်းပြီး ဒိုဟာမှာ ကျင်းပတဲ့ ကာတာအိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ပြင်သစ်နိုင်ငံသား အာသာဖေးစ် နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး အယ်ကာရက်ဇ် က အကောင်းဆုံး လက်စွမ်းနဲ့အတူ ပွဲကိုစတင်နိုင်ခဲ့သလို ပွဲကစားချိန် မိနစ် ၅၀ အကြာမှာပဲ ၆-၂၊ ၆-၁ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုနှစ် ဩစတြေးလျ အိုးပင်းမှာ ချန်ပီယံဆုရခဲ့တဲ့ အယ်ကာရက်ဇ် အတွက် ၂၀၂၆ ခုနှစ်အတွင်း ကစားခဲ့တဲ့ ၁၂ ပွဲဆက်အနိုင်ရခြင်းဖြစ်သလို သူ့ရဲ့ကစားသမားဘဝ ပွဲတစ်ပွဲကို အချိန်အတိုဆုံးကစားပြီး အနိုင်ရမှုလည်း ဖြစ်ခဲ့ပါတယ်။ အယ်ကာရက်ဇ် ဟာ ဂရင်းစလမ်ချန်ပီယံဆု ၄ ခုစလုံးကို ရယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပြီး အသက် ၂၂ နှစ် ပြည့်ပြီးနောက် ရက်ပေါင်း ၂၀ အကြာမှာပဲ နောက်ထပ် အေတီပီတိုး ချန်ပီယံဆု တစ်ခုကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ (NVS 008)

25 Feb

ADVERTISE HERE .